![]() | |
| မျှဝေပေးပါနော် |
ကျွန်တော်တို့ နိုင်ငံတွင် သိန်းပေါင်းများစွာသော အလုပ်သမားများသည် နအဖ စစ်ဗိုလ်များ ၊ စစ်ထောက်လှမ်းရေးများ ၊ မ၀တများကို အတသွားအပြန် ခရီးတလျှောက် အဆင့်ဆင့် ငွေပေးကြရသဖြင့် ထိုစစ်ဗိုလ်များ ၊ မ၀တများသည် အချိန်တိုအတွင်း ချမ်းသည ကြွယ်ဝလာကြပြီး ပြည်သူများမှာမူ ငရဲတမျှ ပင်ပန်းကြီးစွာ အသက်ရှင်ရပ်တည်နေကြရလေသည်။
မြန်မာပြည်၏ ရုပ်မြင်သံကြားတွင် ဗိုလ်ချုပ်ကတော်များ၊ ဗိုလ်ချုပ်သားသမီးများသည်၊ နတ်ဘုံနတ်နန်းမှ ပြန်ဆင်းလာကြသူများသဖွယ် နေရာတကာတွင်ပြိုပြိုပျက်ပျက် နှင့် ၀င်းလက်နေကြသည်၊ ရွှေရောင်၊ မြရောင်၊ ပတ္တမြားရောင်၊ စိန်ရောင်တို့ဖြင့် တောက်ပလျက်ရှိကြသည်။ တေးဂီတတို့ကလည်း ရွှေနိုင်ငံ၊ မြနိုင်ငံ၊ အာရှ၏နိဗ္ဗာန်ဟုပင် တင်စားသီဆိုကြသည်။ အကယ်စင်စစ်မြန်မာပြည်သည် အာရှ၏နိဗ္ဗာန်ရွှေပြည်ဖြစ်ပါက၊ သောင်းနှင့် ချီသောမြန်မာပြည်မှ အမျိုးသမီးများ ၊ အဘယ်ကြောင့် ထိုင်းနှင့်တရုတ်နိုင်ငံများတွင် ၎င်းတို့၏ ခန္ဓာကိုယ်ကို ရောင်းစားပြီး မြန်မာပြည်အတွင်းသို့ ရောဂါဆိုးများသယ်ဆောင်နေကြရသနည်းဟူသောမေးခွန်းကို နအဖ ဗိုလ်ချုပ်ကြီးများ ဖြေသင့်ကြကြောင်း ဖေါ်ပြလိုက်ရပေသည်။

No comments:
Post a Comment